
၁၄-၂-၂၀၂၅
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များဖြစ်သော ဟိန်းမြတ်စံနှင့် ဖြိုးရတနာဆိုင်များသို့ ကွင်းဆင်း၍ ဈေးနှုန်း ဈေးကွက်အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထား များနှင့်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ၊ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ၊စစ်ကိုင်းခရိုင် ဦးစီးမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင် ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှု ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက် ဈေးနှုန်း ထုတ်ပြန်ချက်ကို အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များ ဖြစ်သော ဟိန်းမြတ်စံနှင့် ဖြိုးရတနာဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူ ရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက် ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍ လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက် (၂၄)ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ဟိန်းမြတ်စံနှင့် ဖြိုးရတနာ ဆန်ရောင်းဝယ်ရေးဆိုင်များသည် ရွှေဘိုပေါ်ဆန်း (၁၅၅၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ်)၊ ဧရာမင်း (၁၄၅၀၀၀ ကျပ် မှ ၁၅၀၀၀၀ ကျပ်) နှင့် မနောသုခ (၁၀၀၀၀၀) ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၃၀၀၀) ကျပ် မှ (၃၂၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ လိုသလောက်သာ မှာယူရောင်းချ သောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များ မရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအား ရှိသလောက် ဝယ်ယူရောင်းချနေကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)