ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊ မင်းကုန်းအလယ်တန်းကျောင်း(ခွဲ)၌ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၄-၂-၂၀၂၅)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊ မင်းကုန်းအလယ်တန်းကျောင်း(ခွဲ)၌ အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စာသုံးသူ၏အဓိပ္ပါယ်၊ အခန်း(၉) စားသုံး သူအခွင့်အရေးအကြောင်းအရာများအားလည်းကောင်း၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ မင်းတုန်းမြို့နယ် တာဝန်ခံက အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်စည်များ ဝယ်ယူအသုံးပြုစေ ရေးအကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် အချက်များအား မေးမြန်းရာတွင် ပြန်လည်ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)