
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၃-၂-၂၀၂၅)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်၊ အခန်း(၁၀)စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းများအား အသေးစိတ်ရှင်းလင်း ပြောကြား ခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင်သည့် စားသုံးသူသတင်း ပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ(CICC) မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လည်းကောင်း၊ Consumer Call Center Hotline (1535)သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ (၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များဖြင့် ဆက်သွယ် တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)