မုံရွာမြို့ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနများ ပါဝင်သော စစ်ဆေး ရေးအဖွဲ့ဖြင့် မုံရွာမြို့ပေါ်ရှိဆေးရုံများနှင့် ဆေးဆိုင်များသို့ စံမညီဆေးဝါးများရောင်းချမှုရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့များသည်  စံမညီဆေးဝါးများဖြစ်သည့်  Neopime 1000 Powder for Injection Batch No.IE230028၊ Telesun 20 Tablet Batch No.TELE45001၊ Flucillin 250 Capsule Batch No.EBC240008၊ Flucillin 500 Capsule Batch No. EBC240009၊ ဆေးဝါး(၄)မျိုးအား ရောင်းချမှု ရှိ/မရှိကို ရွှေတော်ဝင်ဆေးရုံ၊ ရွှေမေတ္တာဆေးရုံ၊ ထူးမြတ်ဆေးရုံ၊ စိုပြေဆေးရုံနှင့် ဖြူစင်ဆေးဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ရာ  ၎င်းဆေးအမျိုးအစားများကို ရောင်းချ/သုံးစွဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)