
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံသည် (၁၁.၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် မကွေးမြို့၊ အခြေပညာအလယ်တန်းကျောင်း (ရဲကျောင်း)၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံသည် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉- ပါ၊ အခြေခံပညာအလယ်တန်းကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် စားသုံးသူ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပယ်ဖွင့်ဆိုချက်များ စားသုံးသူများ ရသင့်သည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ရပ်၊ ကုန်စည်နှင့်အစားအစာများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါ တိုင်ကြားပုံနည်းလမ်းများ၊ မည့်သည့်ဖုန်းဆင်းကဒ်ဖြင့်မဆို အလွယ်တကူခေါ်ယူ တိုင်ကြားနိုင်သော Consumer Call Center Hot Line No( 1535) Online မှ ကုန်စည်များ ဝယ်ယူပါက သတိပြုရမည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)