
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ (၁၄း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည်အွန်လိုင်းရောင်း ချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့၊ မင်္ဂလာလမ်း၊ ခုံဝင်းဒပ်ရပ်ရှိ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက် စပ်ပစ္စည်းများရောင်းချလျက်ရှိသည့် Online လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ များနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေး နွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)