
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ ပေါ်ရှိ စားအုန်းဆီရောင်းချသည့် လက်လီအရောင်းဆိုင်(၁၅)ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် စားအုန်းဆီများအား သတ်မှတ်စျေးနှုန်းများဖြင့်ရောင်း ချနေမှုများ ရှိ/မရှိစစ်ဆေးခြင်း၊ အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချနေမှုများ ရှိ/မရှိနှင့် စားအုန်းဆီ ရောင်းချနေမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)