
ဒေသတွင်းစားအုန်းဆီဖူလုံရေးနှင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် စားသုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့်ကုမ္ပဏီများ မှတင်သွင်းလာသော စားအုန်းဆီများကို ၂ ရာခိုင်နှုန်းထက်မပိုသောအမြတ်ဖြင့် ခွဲဝေရောင်းချ ပေးလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာနမှဦးဆောင်၍ ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြင့် မြိတ်မြို့ပေါ်ရှိ စားအုန်းဆီ အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးခဲ့သော စားအုန်းဆီအရောင်းဆိုင်များသည် ၂ ရာခိုင်နှုန်းထက်မပို သော စျေးနှုန်းများဖြင့် သတ်မှတ်စျေးများအတိုင်းရောင်းချနေပြီး စျေးနှုန်းများကိုလည်း ဗီနိုင်းပေါ်တွင် ဖော်ပြ၍ ရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)