မြိတ်မြို့‌ပေါ်ရှိဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် မြိတ်ခရိုင်စားသုံး သူရေးရာဦးစီးဌာနမှဦးဆောင်၍ မြိတ်မြို့တွင်ရောင်းချလျက်ရှိသော ဆန်အရောင်းဆိုင်များ အား ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့ နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ စသောဌာနများဖြင့် ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဒေသတွင်း စျေးနှုန်းမှန်ကန်စွာရောင်းချမှုရှိစေရေး၊ အလေး ချိန်မှန်ကန်စွာရောင်းချမှုရှိစေရေး၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)