
(၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အား ကြိုဆိုသောအားအားဖြင့် (၁၁.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံးအဖွဲ့အရှေ့တွင်ရှိသော လွတ်လပ်ရေး ကျောက်တိုင်အားကစားကွင်းတွင် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ၊ သစ်သီးဝလံ ပန်းမန် များ ပြပွဲ နှင့် ပြိုင်ပွဲ တို့အား ကျင်းပခဲ့ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ် များရှိ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ပြပွဲပြိုင်ပွဲတွင် (၁၁.၂.၂၀၂၅ ရက်နေ့မှ ၁၄.၂.၂၀၂၅ရက်နေ့အထိ) ဌာနဆိုင်ရာမျာဆောင်ရွက် ချက်များအားပြခန်းများဖြင့် ပြသခြင်း၊ ခရိုင်အလိုက်ထွက်ရှိသည့် ဒေသထွက်ကုန်များအား ရောင်းချခြင်းများကို ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ် ရေး ဆောင်ရွက်ချက်များ၊ ဌာန၏ လုပ်ငန်းစဉ်များ နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထား သော ဒေသထွက်ကုန်ပစ္စည်းများအား ပြခန်းဖြင့် ပြသခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)