ဘိုကလေးမြို့ သံဖြူတန်းဈေးရုံ၊ ကုန်မျိုးစုံ အရောင်းဆိုင်များရှိ (ဘူးဆီ)များအား ကွင်းဆင်းစိစစ်ဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ သံဖြူတန်းဈေးရုံမှ ကုန်မျိုးစုံ အရောင်းဆိုင်များရှိ (ဘူးဆီ)များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုဖြင့် ရောင်းချစေရန် ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စည်ပင် သာယာရေးအဖွဲ့သားများ  ပူးပေါင်း၍ သံဖြူတန်းဈေးရုံရှိ ကုန်မျိုးစုံရောင်းချသည့် ဆို်ငများတွင် ဘူးဆီများမှာ မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသားများပါရှိမှု၊ FDA ထောက်ခံချက်များ ပါရှိမှုနှင့်  အလေးချိန်အလိုက် ဈေးနှုန်းများ ရောင်းချမှုအား မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)