ပန်းတနော်မြို့နယ်အတွင်း ရှိ ဆီဆိုင်များအား မိတ်ဖက် ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊​ မအူပင်ခရိုင်၊ ပန်းတနော်မြို့ နယ်အတွင်းရှိ ​စားသုံးဆီဆိုင်များအား ၁၁.၂.၂၀၂၅ နေ့နံနက် ၁၀ နာရီခွဲအချိန်က စားသုံးသူများ ကုန်ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူနိုင်ရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေးကို လစဉ် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်​​ဆေးရာတွင်​ ပန်းတနော် အနောက်ပိုင်းရပ်ကွက်နှင့် မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျောက်သက်နှင့်  တာဝန်ရှိသူအဖွဲ့များက စစ်ဆေးရာ၌ ပြည်တွင်းထုတ်အမှတ် တံဆိပ်ပါစားသုံးဆီများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ FDA ထောက်ခံချက် ရှိ/မရှိ၊ ဈေးကွက်အတွင်း အမှတ်တံဆိပ်ပါရောနှောဆီ (Blended OIL) ဖြန့်ဖြူးရောင်းချမှုများအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို မြေပြင်ကွင်းစစ်ဆေးခြင်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်ညွှန်း အမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက် ၁/၂၀၂၁ နှင့် ကိုက်ညီသော ထုတ်ကုန်ဆီမျးကိုရောင်းချရန်တို့ကို အသိပေးပြောကြား  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်​ဆေးမှုကို မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် အဖွဲ့ဦးဆောင်၍ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ  မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာ‌‌ရေးဌာန၊ မြို့နယ်စည်ပင်သာယာ​ရေး အဖွဲ့တို့ပူးပေါင်း၍ ​ဆောင်ရွက်ခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)