MSME အဖွဲ့ဝင်များနှင့်Smile May လူသုံးကုန် လုပ်ငန်းအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MESE အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန် တကယ် လိုအပ်သည့် MESE လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိ  ရောက်စွာ အသုံးပြုနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ သင်္ဃန်းကျွန်းခရိုင်၊ အမှတ် (၁၅၀)၊ ပထမထပ် ၊ သူရ(၄)လမ်း ၊ (၉)ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် (၁၀.၂.၂၀၂၅) ရက်နေ့ တွင် MSME ဌာနမှဦးဆောင်၍ ပြည်တွင်းအခွန်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ၊ ခရိုင်ရဲတပ်ဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊သမဝါယမဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမြသန်းနိုင် တို့ပါဝင်သည့် အဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမြသန်းနိုင်က ယခု လုပ်ငန်းသည် လူသုံးကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)