ထားဝယ်မြို့၊ အကျဥ်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများ ဟောပြောဆွေးနွေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့၊ အကျဥ်းဦးစီးဌာနတွင် ဝန်ထမ်းများနှင့်မိသားစုဝင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြု လုပ်ခဲ့ပါ သည်။

          အဆိုပါဟောပြောပွဲတွင် အကျဥ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူကာ ကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ ၏နစ်နာဆုံးရှုံးမှုများအား ကုစားနိုင်ရန်အတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့်ပတ်သက်၍ ရှင်း လင်းဆွေးနွေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ အွန်လိုင်းရောင်းချမှုများနှင့် စပ်လျဥ်း၍မှတ်ပုံတင်ဆောင်ရွက်ရမည့် အကြောင်းအရာများအား အသိ ပညာပေးရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ရုံးချုပ် CICC call center 1535 သို့ တိုက်ရိုက် ဖုန်းခေါ်ဆို၍ တက်ရောက် လာကြသူများအား မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကာ အကျဥ်း ဦးစီးမှ ဝန်ထမ်းများနှင့်ဝန်ထမ်း မိသားစုစုပေါင်း (၅၀)ဦး ခန့်တက်ရောက်ခဲ့ပြီး (၁၁း၄၅)နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)