မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးရေး သင်တန်းပို့ချ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အောင်မြင်စွာလုပ်ကိုင်နိုင်ရေးအတွက် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီး မှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး သင် တန်းဖွင့်လှစ်ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၏ Vision နှင့် Mission အကြောင်း၊ စားသုံးသူအသိပညာပေးဟောပြောခြင်းဆိုင်ရာသိကောင်းစရာများအကြောင်းနှင့်  စားသုံးသူ တိုင်ကြားမှုနှင့်ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)