အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊‌ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို (၁.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၂း၀၀)အချိန်တွင် မင်္ဂလာအိုင်စီတီ ကွန်ပျူတာပြုပြင်ရောင်းဝယ်ရေးနှင့်သင်တန်း အိမ်အမှတ်(၃၁၅၈၈)ဧရာဝတီ(၂၀)လမ်း ဂန္ဓာမာ၅)လမ်း ထောင့်၊ဝဏ္ဏဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်သို့ သွားရောက်၍ စစ်‌ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပက်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)