ဟင်္သာတမြို့နယ်၊ အ.ထ.က(၅)ကျောင်းရှိ ဆရာ/ဆရာမ များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် စသည့် နေရာ များထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေသည် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော် နှင့်  ခေါင်းဆောင်သော အဖွဲ့သည် (၃.၂.၂၀၂၅) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ နတ်မော်လမ်း၊ အ.ထ.က(၅) ကျောင်းတွင် သင်ကြားပို့ချနေသော ဆရာ/ဆရာမ (၅၀) ဦးခန့် အား စားသုံးသူအခွင့်အရေးများ နှင့် စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရား၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြ ချက်များ၊ အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင်ခြင်း နှင့် စားသုံးသူရေးရာဦးစီးဌာန တို့၏ ဆောင်ရွက်မှု များကိုလည်း အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)