
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် စသည့် နေရာ များထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေသည် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဇလွန်မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦး နှင့် ခေါင်းဆောင်သော အဖွဲ့သည် (၃.၂.၂၀၂၅) ရက်နေ့တွင် ဇလွန်မြို့နယ်၊ သပြုကွင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်း သား/ကျောင်းသူ ဦးရေ(၃၂၀)ခန့်အား စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြ ချက်များ နှင့် စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရား များကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)