ဟင်္သာတမြို့နယ် ၊ ယုံသလင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အစိုးရဌာန ၊ အစိုးရ အဖွဲ့ အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ၊အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် များနှင့် သိပ္ပံများ ၊စက်ရုံ/အလုပ်ရုံများ ၊ လုပ်ငန်းအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ ၊ စီးပွားရေးအသင်းအဖွဲ့များ ၊ စည်ပင်သာယာဈေးများ၊ လက်လီအရောင်းဆိုင်များနှင့် ဈေးဝယ်စင်တာများ၊ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ၊ ကျေးလက် နှင့်မြို့ပြဒေသ ၊ တပ်ရင်းတပ်ဖွဲ့များ စသည့်နေရာများထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေ သည် လုပ်ငန်းများကို ဆောင်ရွက်နေရပါသည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဟင်္သာတမြို့နယ် ဦးစီးမှူး ဦးမိုးကျော် ခေါင်းဆောင်သော အဖွဲ့သည် (၆.၂.၂၀၂၅) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ယုံသလင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်း သား/ကျောင်းသူ ဦးရေ(၆၀၀)ခန့်အား စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြား နိုင်သည့် နည်း လမ်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်များ နှင့် စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရား များကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါသည်။

DOCA(ဧရာဝတီ)