အုတ်ဖိုမြို့သက်သာဈေးဆိုင်ခန်းနှင့်အေးမြသာယာစိုက်/မွေးသိပ္ပံကျောင်းတို့တွင်ဈေးကားများဖြင့်‌ရောင်းချ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး ခရိုင်ဦးစီးမှူး၏ လမ်းညွှန် ချက်၊အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုများနှင့်အညီ အုတ်ဖိုမြို့နယ် စားသုံးသူ  ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် ကြီးများ၊ အုတ်ဖိုမြို့နယ်ဆီကုန်သည်နှင့် ဆီစက်ပိုင်ရှင်ကြီးများအသင်းနှင့်ပူးပေါင်းလျက် အုတ်ဖိုမြို့ နယ်ကိုယ်တိုင်စိုက်ပျိုး ရောင်းချသူများသက်သာဈေးဆိုင်နှင့်အေးမြသာယာစိုက်ပျိုး မွေးမြူရေးသိပ္ပံ အထက်တန်းကျောင်းတို့တွင် အပတ်စဉ်တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူးနေ့များတွင် သက်သာသောနှုန်းထား ဖြင့် ဆန်၊စားအုန်းဆီ၊ကြက်ဥနှင့်အသား၊ငါး၊ ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိပါသည်။

          ထိုသို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး ဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ပြီး ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊စားအုန်းဆီ ၅၀ ကျပ်သားလျှင် ၄၀၀၀ ကျပ်၊ငါးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ကြက်ဥတစ်လုံး လျှင် ၃၅၀ ကျပ်၊ပန်းဂေါ်ဖီတစ်ပွင့်(အလတ်)လျှင် ၇၀၀ ကျပ်တို့ဖြင့် သက်သာစွာရောင်းချပေးလျက် ရှိပြီးစားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တစ်ရက်လျှင် ဆန်(၃)အိတ်နှင့်ဆီ(၁၁၀)ပိဿာရောင်းချ လျက်ရှိပါသည်။

DOCA(ပဲခူး)