ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၅)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူ ဦးကျော်ဦး၏ ပြောပြချက်အရသိရသည်။

          ခရမ်းသီပင်ကို စတင်စိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလ တွင် စတင်စိုက်ပျိုးရသည်။ မြေတစ်ဧကတွင် အပင် (၇၀၀ - ၈၀၀)အထိစိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကစိုက်လျှင် ထယ်ထိုး၊ ထွန်မွှေ၊ မျိုး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် အလုပ်သမားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်ငွေကျပ် သုံးသိန်းခွဲန့်ရှိကြောင်း၊ ခရမ်းပင်ကို ရေပေးခြင်း၊ အချိန်မှန်ပေါင်းရှင်းပေးခြင်း၊ ပိုးသတ်ဆေးဖျန်းပေးခြင်းကို ပြုလုပ်ပေးရကြောင်း၊ ခရမ်းမျိုးမှာ အရှည်မျိုး ဆင်စွယ်ခရမ်းနှင့် အလုံးမျိုး ထောပတ်ခရမ်း တို့ကိုစိုက်ပျိုးကြောင်း သိရသည်။

ခရမ်းသီးပင်စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးကို စတင်ခူးဆွတ်ရောင်းချရပြီး  တစ်ရက် ခြားတစ်ခါခူးဆွတ်ပါက ပိဿာချိန် (၇၀)ခန့်ရရှိကြောင်း၊ ၊ လက်ရှိရောင်းချနေရသည့် ဈေးနှုန်း များမှာ ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်(၁၀၀၀)နှုန်းနှင့် လက်လီဈေး(၁၂၀၀)ကျပ် ဖြင့့််  ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)