
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦး သည် (၁၀.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ အသိပညာပေး Call Center (1535) တွင် စားသုံးသူနစ်နာမှုများနှင့် စပ်လျဉ်း၍ ၍ တိုင်းကြားနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦး က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စားသုံးသူကာကွယ်ရေး အဓိပ္ပာယ်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲ ပြဌာန်းရသည့် ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါ က တိုင်ကြားနိုင်သသည့် နည်းလမ်းများ၊ Call Center တည်ဆောက်ရသည့်ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါက Call Center (1535) ကို ဆက်သွယ်တိုင်းကြားနိုင်သည့်အပြင် ပြည်တွင်းကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းအချက်များကို လည်း ဖြေကြားပေးကြောင်း ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)