
၂၂.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) သို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်စောကြည် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ ဥက္ကဌ ဒေါက်တာ မြင့်မိုရ်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်စိုးမာမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ မွန်ပြည်နယ် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ(ဓာတ်ခွဲ) ဦးတိုးဝေယံမှ အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)