အရောင်းသွက်တဲ့ မုန်လာဈေးကွက်

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သမုန်းကိုင်းကျေးရွာတွင် မုန်လာဥဖြူစိုက်ပျိုး ထွက်ရှိမှုများမှ ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း မုန်လာဥဖြူ စိုက်ပျိုးထားသည့် တောင်သူများထံမှ သိရသည်။

          မုန်လာဥဖြူသည် စနယ်မြေ (ခေါ်) လယ်မြေများတွင် ဖြစ်ထွန်းမှုမရှိကြောင်းနှင့် သဲဆန်သောမြေများ၊ ယာမြေများနှင့်မြစ်ရေဝင်ဒေသများရှိနုန်းတင်မြေနုများတွင်ဖြစ်ထွန်းပြီး မျိုးစေ့ ချကာစိုက်ပျိုးရကြောင်း၊ ရောင်းတန်းဝင်အရွယ်အစားရောက်ရှိပါက မုန်လာဥဖြူပင်ကို နှုတ်ပြီးနောက် နေပြထားရကြောင်း၊ အနည်းငယ်နွမ်းသွားပြီး အကိုင်ခံနိုင်သည့်အဆင့်ရောက်မှ သာ ရေဆေးပြီး အစည်းများစည်းကာ အိတ်များတွင်ထည့်သွင်းတင်ပို့ရကြောင်း၊ မုန်လာဥဖြူ များ လှိုင်လှိုင်ထွက်ရှိသည်မှာ တစ်လကျော်ကြာမြင့်ပြီဖြစ်ပြီး စတင်ထွက်ပေါ်ချိန်က စိုက်ခင်း အထိ လာရောက်ဝယ်ယူသည့် ဝယ်လက်များကို (၃)ဥ စည်းတစ်စည်းလျှင် (၆၀၀/၇၀၀)ကျပ်နှုန်း အထိ ဈေးကောင်းရရှိခဲ့ပြီး ယခုအခါတွင် စိုက်ခင်းအရောက် (၄၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဈေးကွက် သို့အရောက် တင်ပို့ရောင်းချရပါက(၅၀၀/၅၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း လက်ကား ရောင်းချ လျက်ရှိကြောင်း၊ လက်လီဈေးကွက်တွင် (၃)ဥတစ်စည်းလျှင် (၆၀၀/၇၀၀)ကျပ်နှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ မျိုး၊ သွင်းအားစုနှင့်လုပ်အားခများအပါအဝင် တစ်ဧက လျှင် ကျပ်(၃၅) သိန်းခန့်ကုန်ကျပြီး သီးနှံရောင်းရငွေကျပ်(၄၅)သိန်းခန့် ရရှိကြောင်း မုန်လာဥဖြူစိုက်ပျိုးထားသူ သမုန်းကိုင်းကျေးရွာနေ တောင်သူဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရှိရသည်။

          အကျိုးအမြတ်အနေဖြင့် မုန်လာဥဖြူစတင်စိုက်ပျိုးချိန်မှ သီးနှံထွက်ပေါ်ချိန်အထိ စိုက်ပျိုး ကြာမြင့်ချိန်တစ်လခွဲ၊(၂)လခန့်အတွင်း ကျပ်(၁၀)သိန်းခန့် အမြတ်ငွေရရှိသည့်အတွက် ဆောင်းရာသီ သီးနှံများအနက် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ပြီး မုန်လာဥဖြူစိုက်ပျိုး သည့်တောင်သူများမှာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)