
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၈.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့နှင့်အတူ မြန်အောင်မြို့ နေခြည်ဈေးအတွင်းရှိ အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကြံခင်းမြို့ပေါ်ရပ်ကွက်တွင်ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်း ဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းများမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ Registration မရှိ သော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူ ထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ အချို့သော အိမ်သုံးဆေးဝါးများမှာ ကုမ္ပဏီမှဖြန့်ဖြူးခြင်း မရှိတော့သဖြင့် အခြားကုမ္ပဏီ မှ ထုတ်လုပ်သော ဆေးဝါးများကိုသာ ပြည်သူများအားရောင်းချပေးလျက်ရှိပြီး၊ ဆေးဈေးနှုန်းမှာလည်း ထူးခြားပြောင်းလဲမှုမရှိပဲ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ ဆေးမျိုးစုံ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)