ကေတုမတီ စိန်တလုံးသရက်သီး ဈေးကွက်

Powered by Drupal

              တောင်ငူခရိုင်အတွင်းရှိ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များတွင် စိန်တလုံး သရက်သီးများကို အများဆုံး စိုက်ပျိုးကြပါသည်။ တောင်ငူခရိုင်အနေဖြင့် ၇၄၂ ဧက စိုက်ပျိုးသည့် အနက် ၄၄၃ ဧက အသီးခူးနိုင်ခဲ့ပြီး တစ်ဧကလျှင် အလုံးရေ ၁၅၀၀၀ မှ ၃၀၀၀၀ အထိ ထွက်ရှိပါသည်။ တစ်နှစ်လျှင် စိန်တလုံးသရက်သီး တန်ချိန် ၃၁၀၀ ခန့်ထွက်ရှိပါသည်။

              ထွက်ရှိလာသော စိန်တလုံးသရက်သီးများအား ဒေသတွင်းနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျှက်ရှိရာ အလုံးသေး တစ်လုံးလျှင် ၂၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၃၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်အထိ ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)