အင်းစိန်မြို့နယ်ရှိ နီလာရိုးမ စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၁၅.၁.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် အင်းစိန်မြို့နယ်ရှိ နီလာရိုးမစက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် နီလာရိုးမစက်သုံးဆီဆိုင်မှ တာဝန်ခံ ဦးဝင်းမော်မှပူးပေါင်းလျက် သတ်မှတ်ထားသောရည်ညွှန်းဈေးများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ LED ဈေးနှုန်းဘုတ်များ တင်ထားခြင်း ရှိ/မရှိ၊ ချိန်တွယ်ရာတွင်လည်း လီတာများပြည့်ဝမှုရှိ/မရှိနှင့် ဆီပြတ်လပ်မှုများရှိ/မရှိကို စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချပါကြောင်း၊ LED ဘုတ်များလည်း နေ့စဉ်တင်ထားပါကြောင်း၊ လီတာများကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း၊ စက်သုံးဆီလည်းပြတ်လပ်မှုမရှိပါကြောင်းနှင့် ဆီဘောက်ဆာအဝင်များကိုလည်း သက်ဆိုင်ရာဌာနများသို့ စာရင်းပေးပို့လျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)