တိုင်းရင်းဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများပါရှိခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန ၊ အရှေ့ပိုင်းခရိုင်  ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည်   (၁၃-၁-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ကျိုက္ကဆံလမ်းမကြီး ၊ တာမွေမြို့နယ်ရှိ ရွှေအိုးဆေးဆိုင်၌ တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယောအဓိက ၊ မှန်ချို ၊ ဧကမ္ဘာ ၊ ဉီးအံ့၊ ရှမ်းပျိုမယ်၊ ဂြိုလ်ထု၊ ရွှေ၊ မဟာဖြေဆေး၊ ဆန္ဒမွန် အစရှိသောဆေးများတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များကို မြန်မာလိုပြည့်စုံစွာပါရှိပြီး တချို့သောစားသုံးသူများက တိုင်းရင်းဆေးဝါးများကို အလေးထားပြီး သုံးစွဲနေကြောင်း၊ ရွှေအိုးဆေးဆိုင်တာဝန်ခံကလည်း မိမိတို့ဆေးဆိုင်တွင် ဆီးချိုနှင့် ပတ်သက်သော ဆေးများကိုလည်း ပိုမိုရောင်းချရကြောင်း ၊ ဘေးအန္တရာယ်မဖြစ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချပေးရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)