
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ပဲတီစိမ်း (၄၆၇၂၆) ဧကစိုက်ပျိုးရန် လျာထားပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်စိုက်ပျိုးခဲ့ရာ ယခုအခါ လျာထား (၄၆၇၂၆) ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီးဖြစ်ကာ သီးနှံဖြစ်ထွန်းအောင်မြင်စေရေး တို့အတွက် အလေးထားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားရေးရိက္ခာဖူလုံစေဖို့နဲ့ ပဲစိုက် တောင်သူများအနေဖြင့် သီးနှံဝင်ငွေတိုးပွားစေဖို့ရည်ရွယ်ပြီး ပဲတီးစိမ်း (၄၆၇၂၆)ဧက လျာထားစိုက်ပျိုးခဲ့ရာ လျာထားဧကရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း ပဲတီစိမ်းသီးနှံတွေဖြစ်ထွန်းအောင်မြင်ဖို့၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေဖို့နဲ့ အသိပညာပေးသင်တန်းတွေ ဆွေးနွေးပွဲတွေအပြင် ကျေးရွာအလိုက်ကွင်း တာဝန်ခံများက စိုက်ကွင်းများအရောက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဒေသခံတောင်သူများ၏ စိုက်ပျိုးထားသောသီးနှံများဖြစ်ထွန်း အောင်မြင်စေရေးနှင့် ဝင်ငွေတိုးပွား ရရှိရေးတို့အတွက် အလေးထားဆောင်ရွက်လျှက်ရှိပြီး အထွက်ကောင်းမျိုးများ အရည်အသွေး၊ ကောင်းကျိုးများတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကို မျက်ခြည်မပျက် စနစ်တကျစောင့်ကြည့်ဆောင်ရွက်ကာ မြေမှန်၊ မျိုးမှန်၊ စိုက်စနစ်မှန်ကန်ရေးနှင့်နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲစိုက်တောင်သူများနှင့်ပူးပေါင်းကူညီဆောင်ရွက်ပေး လျှက်ရှိကြောင်း သိရသည်။
DOCA(ရန်ကုန်)