
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်း ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒေါ်တင်တင်ထွေး (လက်ထောက်ညွှန်ကြားရေးမှူး)မှ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ကျောက်ဆည်မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းမှ Online Shopping နှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများရင်ဆိုင်ကြုံတွေ့နေသည့်အချက်များ၊ Online Shoppingနှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများဝယ်ယူခြင်းမပြုမီသတိပြုရမည့်အချက်များ၊ Online မှဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ စားသုံးသူများ၏အခွင့်အရေးနှင့်စားသုံးသူများအနေဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်း များနှင့်ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီး ၊ ပြည်နယ်များနှင့်ခရိုင်များတွင်လည်း စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများဖွင့်လှစ်ထား
ကြောင်း၊ Consumer Call Center Hotline နံပါတ်ဖြစ်သည်(1535)သို့လည်း တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)