ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များမှ ဆန်ကိုသက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ(၂၄)ရက်နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိရက်မပြတ် နေ့စဉ်အကန့်အသတ်မရှိ ဝယ်ယူလိုသည့်ပမာဏအတိုင်းရောင်းချပေးလျက်ရှိပါသည်။ ယနေ့ ၁၄.၁၀.၂၀၂၄ရက်နေ့တွင် ဆန်စက်နှင့်ဆန်ဆိုင် (၁၇)ခု တို့မှ ဆန်အိတ်(၃၇)အိတ် လူဦးရေ (၂၀၄)ဦးအား ရောင်းချပေးပြီးဖြစ်ပါကြောင်းနှင့် လိုသလောက်သက်သာသောဈေးနှုန်းဖြင့် ဆန်ကုန်သည်များမှ ရောင်းချပေးထားပါကြောင်း သာယာဝတီမြို့နယ်မှ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)