မင်္ဂလာတောင်ညွှန့် ကြက်/ဘဲဈေး ဈေးကွက်ဈေးနှုန်း

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်အတွင်းရှိ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်မြို့နယ်အသီးသီးရှိ စားသုံးသူပြည်သူများသို့ ကြက်/ဘဲ များနေ့စဉ် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၃.၂၀၂၂) ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်ကြက်/ဘဲ‌ဈေးအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းပြုလုပ်ခဲ့ရာတွင် ထို ကြက်/ဘဲဈေးရှိလုပ်ငန်းရှင်များသည် ပြန်လည်ရောင်းချမည့် ကြက်/ဘဲများအား ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များမှ ခြံဖမ်းစနစ်ဖြင့် ဝယ်ယူပြီး စားသုံးသူများသို့ ပြန်လည်ဖြန့်ဝေရောင်းချရာ၌ အိမ်မွေးကြက် ၁ ပိဿာလျှင် (၉၅၀ဝိ-၁၀၀၀ဝိ) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၄၇၀ဝိ-၄၈၀ဝိ) ကျပ်၊ မွေးမြူရေးကြက်(အထီး/အမ) ၁ ပိဿာလျှင် (၅၅၀ဝိ-၇၀၀ဝိ) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (၄၈၀ဝိ-၅၅၀ဝိ) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကားရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)