အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

               အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံနက်)ဈေးနှုန်းမှာ ယခင်အပတ်(၉.၃.၂၀၂၂)နေ့နှင့် ယခုအပတ် (၁၆.၃.၂၀၂၂)နေ့အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခင်အပတ် နှမ်းစမုံနက်(၄၅)ပိဿာ (၁)အိတ်လျှင် (၁၉၀၀၀ဝိ/-)ဈေးရှိခဲ့ပြီး ယခုအပတ် (၂၀၀၀၀ဝိ/-)ရှိခဲ့၍ (၁၀၀၀ဝိ/-)ဈေးနှုန်းမြင့်ခဲ့ပြီး ကျန်နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းစမုံနက် (၁၃၅ဝ)အိတ်၊ နှမ်းပြာ(၅၅၀)အိတ်၊ နှမ်းနီ (၂၃၀)အိတ်၊ နှမ်းဖြူ(၁၁၀)အိတ်တို့ဖြစ်ပါသည်။

      ပဲမျိုးစုံအနေဖြင့် ဈေးကွက်မှာ မတ်ပဲယခင်အပတ်(၄၄၀၀ဝိ/-)ရှိခဲ့ပြီး ယခုအပတ်(၄၄၅၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲစဉ်းငုံအနီ ယခင်အပတ်(၄၄၂၀ဝိ/-) ယခုအပတ်(၄၃၈၀ဝိ/-)ဖြစ်၍ (၄၀ဝိ/-)ကျပ်ဈေးလျော့၊ ကုလားပဲ(H.L) ယခင်အပတ် (၄၅၀၀ဝိ/-) ယခုအပတ်(၄၄၇၀ဝိ/-)၊ ကုလားပဲ (မြကြေး) ယခင်အပတ်(၄၅၃၀ဝိ/-)ယခုအပတ်(၄၅၀၀ဝိ/-)ဖြစ်၍ (၃၀ဝိ/-)စီဈေးလျော့၊ ပဲကြီးယခင်အပတ် (၆၃၀၀ဝိ/-)မှ ယခုအပတ်(၆၁၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-)ဈေးလျော့၊ မြေပဲ(လုံးဆံနီ) ယခင်အပတ်(၃၉၀ဝိ/-) ယခုအပတ်(၃၇၇၅)ဖြစ်၍ (၁၂၅)ဈေးလျော့၊ မြေပဲ(လုံးဆံဖြူ) ယခင်အပတ်(၃၉၀ဝိ/-) ယခုအပတ်(၃၈၀ဝိ/-) ဖြစ်၍ (၁၀ဝိ/-)ဈေးလျော့ပြီး ဘိုကိတ်ပဲဈေးနှုန်းမှာပြောင်းလဲမှုမရှိဘဲ ယခင်အပတ် ဈေးနှုန်းအတိုင်းရှိခဲ့ပါသည်။အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲကြီး(၂၇၀၀)အိတ်၊ပဲစဉ်းငုံနီ(၁၈၀၀)အိတ်၊ ကုလားပဲ(H.L) (၂၃၀ဝ)အိတ်၊ ကုလားပဲ(မြကြေး)(၂၀၀၀)အိတ်၊ မတ်ပဲ(၁၈၀)အိတ်၊ မြေပဲ(လုံးဆံနီ) (၅၅၀)အိတ်၊ မြေပဲ(လုံးဆံဖြူ)(၇၀၀)အိတ်နှင့် ဘိုကိတ်ဖြူ (၁၅၀)အိတ်၊ ဘိုကိတ်ပြာ(၃၂၀)အိတ်ဖြစ်ကြောင်း သိရှိရပါသည်။

            ဝါသီးနှံမှာ ယခင်အပတ်တစ်ပိဿာ (၁၇၅ဝိ-၁၈၅ဝိ)ဖြစ်ပြီး ယခုအပတ် (၁၈၅ဝိ-၁၉၅ဝိ)ရှိသည့်အတွက် (၁၀ဝိ/-)ကျပ်ဈေးမြင့်ခဲ့ပြီး ပိဿာချိန် (၃၅၀၀ဝ)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)