
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးကျပြီး အရောင်းအဝယ်ဖြစ်နေပါသည်။ မြို့ပေါ်ရှိ ကြက်သွန်နီဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှု အများဆုံးကျေးရွာများဖြစ်သော ချောင်းမကြီး၊ ပင်းတလဲ၊ ဒေါသာ၊ ရွာသစ်ကြီး၊ ကပိုင်၊ ကံတွင်း၊ သပြေ၊ လိပ်ခြံ ကျေးရွာများမှ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ ဥပုသ်နေ့မှလွဲ၍ နေ့စဉ် တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၃၀၀၀၀)၊ တစ်ပတ် အတွင်း ကုန်ချိန်ပိဿာ(၂)သိန်းခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ဇူလိုင်လ(ပထမပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေး ထိပ်စ ကျပ်(၁၈၀၀)၊ အလတ်စ ကျပ်(၁၆၅၀)၊ အသေးစ ကျပ်(၁၅၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ် ဇွန်လ(စတုတ္ထပတ်) တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ထိပ်စ ကျပ်(၁၉၀၀)၊ အလတ်စ ကျပ်(၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်တစ်ပတ်နှင့် ကာလတူဈေးနှုန်းနှိုင်းယှဉ်ရမည်ဆို လျှင် ယခုဇူလိုင်(ပထမပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စ၊ အလတ်စ၊ အသေးစ ကျပ် (၁၀၀)ခန့် ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်ပဝယ်လို အားဈေးကွက်နည်းခြင်းကြောင့် ကျဆင်းကြောင်းဈေးကွက်မှ သိရှိရပါသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် ယခုဇူလိုင်(ပထမပတ်)တွင် ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သိန်း၊ တန်ချိန်အားဖြင့် (၃၂၆)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ဒေသတွင်းလက်လီဈေးအနေဖြင့် ကျပ်(၂၀၀၀-၂၃၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)