ကယားပြည်နယ် ဘိလပ်မြေဈေးနှုန်း မြှင့်တက်လျှက်ရှိ

Powered by Drupal

      ကယားပြည်နယ်တွင် ဒေသအခြေအနေတည်ငြိမ်လာသဖြင့် ကုန်စည်စီးဆင်းမှု ပြန်လည်အသက်ဝင်လာပြီး အိမ်ဆောက်ပစ္စည်းအချို့နှင့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ တင်သွင်းလျက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါတယ်။ ယခုမတ်လအတွင်း ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင် (၇၇၀၀)ကျပ်၊ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၇၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဖေဖော်ဝါရီလတွင် ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင်(၆၄၀၀)ကျပ်၊ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၆၅၀၀)ကျပ် တို့ဖြင့်သာရှိခဲ့ပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင် (၁၃၀၀)ကျပ်နှင့် အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၃၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် သယ်ယူစရိတ်ကြီးမြင့်လာခြင်းကြောင့်ဖြစ်သည်ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါတယ်။

စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်