တနင်္သာရီတိုင်းဒေသကြီးမှ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ ကွမ်းသီးတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ကွမ်းသီးတင်ပို့မှု မှာ ထားဝယ်ခရိုင်မှ (၃၅၄၄၃၀)ပိဿာ တန်အားဖြင့်(၅၇၈.၇၆၅)တန်ရှိပြီး ၊ မြိတ်ခရိုင်မှ (၇၆၃၂၅၀)ပိဿာ တန် အားဖြင့် (၁၂၄၆.၃၄၆)တန်နှင့် ကော့သောင်းခရိုင်မှ(၁၄၉၉၇၀)ပိဿာ တန်အားဖြင့် (၂၄၄.၈၉၃) တန်ရှိကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်း ကွမ်းသီးခြောက်လုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၄၅၀၀)ရှိပြီး ကွမ်းသီးခြောက်ခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၆၅၀၀)ရှိကြောင်း ကွမ်းသီးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ ကွမ်းသီးခြောက်လုံးနှင့် ကွမ်းသီးခြောက်ခြမ်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)