ဘီးလင်းမြို့နယ်အတွင်းရှိ ပဲတီစိမ်းနှင့် ပဲလွန်းဖြူ ဈေးကွက် အခြေအနေ

Powered by Drupal

           မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပဲတီစိမ်းနှင့် ပဲလွန်းဖြူ ဈေးနှုန်းများ ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိနေပြီး ယခုလက်ရှိပဲတီစိမ်းပေါက်ဈေးမှာ ပိဿာ (၂၀) ပါတစ်တင်းလျှင် ၄၅၀၀၀ ကျပ်နှင့် ပဲလွန်းဖြူ ပိဿာ (၂၀) ပါ တစ်တင်းလျှင် ၃၀၀၀၀ ကျပ် ရရှိနေပြီး ယခင်နှစ် ပဲတီစိမ်း ဈေးနှုန်းမှာ ပိဿာ (၂၀) ပါ တစ်တင်းလျှင် ၃၆၀၀၀ ကျပ်နှင့် ပဲလွန်းဖြူ ဈေးနှုန်းမှာ ပိဿာ (၂၀) ပါ တစ်တင်းလျှင် ၂၈၀၀၀ ကျပ် ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပဲတီစိမ်းနှင့် ပဲလွန်းဖြူများကို ပဲခူးမြို့ရှိ ပွဲရုံများသို့ တင်ပို့နေကြောင်း သိရှိရသည်။

           ဘီးလင်းမြို့နယ်တွင် ပဲတီစိမ်းနှင့် ပဲလွန်းဖြူ စိုက်ဧကမှာ (၁၇၂၇၄) ဧကရှိပြီး ယခုနှစ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အထွက်နှုန်းများ ကျဆင်းခဲ့ပြီး တစ်ဧက အထွက်နှုန်း (၁၂) တင်းဝန်းကျင်ခန့် ထွက်ရှိကြောင်း သိရှိရသည်။

DOCA(မွန်)