မွန်ပြည်နယ် ဆားဈေးကွက်အခြေအနေ

Powered by Drupal

           မွန်ပြည်နယ်သည် နေလှန်းဆား ထုတ်လုပ်ထွက်ရှိသော ပြည်နယ်တစ်ခုဖြစ်ရာ အဆိုပါ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အဓိကထုတ်လုပ်ကြပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိကြောင်း သိရှိရသည်။ ထွက်ရှိသော ဆားများကို ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့ကို တင်ပို့ရောင်းချကြောင်း သိရှိရသည်။

          ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားကွင်းအများစု ထိခိုက်ပျက်စီးခဲ့ပြီး ဆားပိဿာချိန် သောင်းနဲ့ချီ ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ လက်ရှိတွင် ဆားတောင်သူများသည် ဆားကွင်းဖျက်မိုးကြောင့် ဆားထုတ်လုပ်မှုများကို အစက ပြန်စလုပ်နေရသဖြင့် ဆားထွက်ကာလနောက်ကျနိုင်ကြောင်း၊ ထို့ပြင် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာမှုနှင့်အတူ အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာခြင်းတို့ကြောင့် ဆားထုတ်လုပ်သူတောင်သူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဆားထုတ်လုပ်သူတောင်သူတစ်ဦးထံမှ သိရှိရသည်။

          ဆားကွက်ဖျက်မိုးကြုံရပြီးနောက် ဆားဈေးနှုန်းမြင့်တက်လာခဲ့သော်လည်း ဆားလက်ကျန်မရှိခြင်းကြောင့် အရောင်းအဝယ်အေးနေကြောင်း၊ လက်ရှိဆားဈေးနှုန်းမှာ ဆားကြမ်း တစ်ပိဿာလျှင် ၁၂၀ မှ ၁၉၅ ကျပ်ထိ ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)