“ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပဲတီစိမ်းဈေးကွက်အခြေအနေ ”

Powered by Drupal

          ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်များအတွင်းတွင် ပဲတီ ရွှေဝါနှင့် ရေဆင်းမျိုးများ မတ်လဆန်းမှစ၍ ဈေးနှုန်းများမြင့်တက်လာနေကြောင်း ပဲစိုက်တောင်သူများထံမှ သိရသည်။

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မတ်လဆန်းအထိ ပဲတီစိမ်း ( ၃၅၄၇၂၈ ) ဧက စိုက်ပျိုးထား ရှိပြီး (၁၇၂၃၇၉)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

          ယခင် ဖေဖော်ဝါရီလ (တတိယ)ပတ်တွင် ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းလျှင်(၄၆၀၀၀/-) ကျပ် ဈေးနှုန်းဖြင့်ရောင်းချခဲ့ရာမှ မတ်လ(ဒုတိယ)ပတ်အတွင်း ပဲတီရွှေဝါတစ်တင်းလျှင် (၅၁၀၀၀/-) ကျပ် ရေဆင်းမျိုးတစ်တင်းလျှင် (၄၉၅၀၀/-)ကျပ်နှုန်းထိ မြင့်တက်လာသဖြင့် ပဲစိုက်တောင်သူများ ဝင်ငွေတိုး၍ အဆင်ပြေလျက်ရှိကြောင်း ပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(ရန်ကုန်)