ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ စားသုံးသူများသို့ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချ

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးသည် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”နှင့် ပူးပေါင်း၍ (၃.၃.၂၀၂၂) ရက်နေ့မှ (၇.၃.၂၀၂၂) ရက်နေ့အထိ အရှေ့ပိုင်းခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ ရာသက်ပန်ကုန်အမှတ်တံဆိပ်ဆီဘူးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

          ထိုကဲ့သို့ စားသုံးသူပြည်သူများ လက်ဝယ်အရောက် ကားဖြင့် လှည့်လည်၍ မင်္ဂလာတောင်ညွှန့်၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒေါပုံမြို့နယ်များအတွင်း ရောင်းချပေးရာတွင် ဟင်းသီးဟင်းရွက်ဆီ ၅၀ သား ၁ ဘူး လျှင် ၃၀၀ဝိ/- ၊ ၁ ပိဿာ ၁ ဘူးလျှင် ၆၀၀ဝိ/- ၊ နေကြာဆီ ၅၀သား ၁ ဘူးလျှင် ၃၈၀ဝိ/- ၊ ၁ ပိဿာ ၁ ဘူးလျှင် ၇၆၀ဝိ/- ၊ ပဲပိစပ် ၅၀ သား ၁ ဘူးလျှင် ၄၀၀ဝိ/- ၊ ၁ ပိဿာ ၁ ဘူးလျှင် ၈၀၀ဝိ/-  ဖြင့် အသီးသီးရောင်းချပေးခြင်းကြောင့် ဝယ်ယူသုံးစွဲသူများပြားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)