ဖျာပုံမြို့ (၁၂) ရပ်ကွက် မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့ ၊ နံနက် နံနက်(၁၁:၀၀) နာရီအချိန်တွင် (၁၂) ရပ်ကွက် မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း၌  ရပ်ကွက်နေပြည်သူ (၆၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်မှ စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း၊ ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူစားသုံးရာ၌ ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားကို သေချာစိစစ်ဖတ်ရှု ဝယ်ယူသုံးစွဲကြရန်နှင့် ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးသည့်ရက်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊တခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် စားဆီများကိုလည်း လျော့ချစားသောက်ခြင်းအားဖြင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်ကြောင်းနှင့် မလိုလားအပ်သည့်ရောဂါများ ဖြစ်ပွားခြင်းမှ တားဆီးကာကွယ်နိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့မှုအပေါ်  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)