ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် အပတ်စဉ်တနင်္လာနေ့တိုင်း ဈေးကွက်အတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ တစ်ပတ်လျှင် (၁)ကြိမ် ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ဆေးနှင့် ဆေးပစ္စည်းများအား ပုံမှန်ဈေးနှုန်းများဖြင့်ရောင်းချခြင်းရှိ/မရှိ၊ ပြတ်လပ်ခြင်းရှိ/မရှိ ၊ ဆေးပစ္စည်းများလက်ကျန် မြေပြင်အခြေအနေများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)