မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဆန်အပါအဝင် အခြေခံစားကုန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မကွေး/ချောက်ခရိုင်အတွင်း မကွေးမြို့၊ နတ်မောက်မြို့၊ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့၊ ချောက်မြို့နှင့် ရေနံချောင်းမြို့များတွင် (၈.၅.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင်   စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများမှ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မကွေးမြို့နယ်တွင် ဆန်ပွဲရုံနှင့် ဆန်ဆိုင် (၄၈)ဆိုင်၊ နတ်မောက် မြို့တွင် (၇)ဆိုင် ၊ တောင်တွင်းကြီးမြို့တွင် (၁၉)ဆိုင်၊ မြို့သစ်မြို့တွင် (၈)ဆိုင်၊ ချောက်မြို့တွင် (၁၃) ဆိုင်၊ ရေနံချောင်းမြို့တွင် (၁၃)ဆိုင်နှင့် စုစုပေါင်း ဆန်ပွဲရုံ/ ဆန်ဆိုင်(၁၀၈)ဆိုင်ရှိပြီး ဆန်လက်ကျန် အနေဖြင့် ဆန်အိတ် (၈၈၇၅၀)ကျန်ရှိနေကြောင်းနှင့် မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံအား အဓိက စိုက်ပျိုးပြီး စပါးအား အနည်းငယ်သာစိုက်ပျိုးသဖြင့် ဒေသဝမ်းစာမလုံလောက်ကြောင်းနှင့် ဆန်/ စပါးထွက်ရှိရာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းတို့၌ မော်တော်ယာဉ်များဖြင့် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)