အဝင်များသော်လည်း ပြည်ကြက်သွန်နီဈေးမြင့်

Powered by Drupal

      ယခုသင်္ကြန်အခါကျော်ကာလတွင် ပြည်ဈေးကွက်အတွင်း၌ ကြက်သွန်သီးနှံအနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ စတုတ္ထပတ်မှစ၍ တဖြည်းဖြည်းဈေးနှုန်းမြင့်တက်လာခဲ့ပြီး သင်္ကြန်မတိုင်ခင်ကာလထက် ကျပ် (၄၀၀-၅၀၀) ခန့်မြင့်တက်သွားသည်။ ဝင်ရောက်မှုအားဖြင့် မကွေးတိုင်း၊ အောင်လံ၊ တောင်တွင်း၊ သရက်၊ ကံမ စသည့်နယ်များမှ ရက်ခြားအဝင်ရှိနေပြီး ပိဿာချိန် ၂၅၀၀၀ကျော်ခန့် အဝင်ရှိနေသည်။ ယခုကာလတွင် အဝင်များသော်လည်း ဈေးနှုန်းမှာ ကြက်သွန်နီတောင်သူများထံမှ ဂိုဒေါင်လှောင်လက်သမားများက ဝယ်ယူမှုများခြင်းကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်းလည်း ပွဲရုံလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရသိရသည်။ အရောင်းအဝယ်အနေဖြင့် ဧရာဝတီတိုင်း၊ ကြံခင်း၊ မြန်အောင်တို့ဘက်မှ ဝယ်လက်များ၊ ဒေသတွင်းလက်လီဝယ်လက်များ၊ အိတ်ဆွဲဝယ်လက်များဖြင့် ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ဈေးနှုန်းမှာ သင်္ကြန်မတိုင်ခင် ကြက်သွန်နီလက်လီ/ လက်ကားတစ်ပိဿာလျှင် ကျပ် (၂၀၀၀-၂၄၀၀) နှုန်းတို့ရှိပြီး ယခုအချိန် မေလ ပထမပတ်၌ ပွဲရုံလက်ကားဈေးနှုန်းမှာ ကြီး/လတ်/ သေးတစ်ပိဿာလျှင်  ကျပ် (၂၀၀၀-၂၁၀၀-၂၂၀၀-၂၃၀၀) နှုန်းတို့နှင့် မြို့ပေါ်လက်ကားဈေးများတွင် ကျပ် (၂၄၀၀-၂၆၀၀-၂၈၀၀-၃၀၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းဝယ်မှုရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)