ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်‌‌ဆေးခြင်း

Powered by Drupal

      ၂၀၂၄ခုနှစ်၊ မေလ ၂ ရက်နေ့ ၊ နံနက် (၉း၀၀)အချိန်တွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနသည် မိတ်ဖက်ဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၈) ဆိုင်တို့အား သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ ဆေးဝါးများအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ပြတ်လပ်မှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိ၊ ဆေးဝါးများ သိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီးမှ Prescription Only Medicine (POM) ‌‌ဆေးဝါးများအား ဆရာဝန်လက်မှတ်ဖြင့်သာ ရောင်းချခြင်းတို့ကို ဆေးဆိုင်များအား လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး ၊ အဆိုပါ သတ်မှတ်ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချဆောင်ရွက် ခြင်းမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)