ကြို့ပင်ကောက်မြို့ “တိုးမြင့်” ဒိန်ချဉ်နို့စားနွားမွေးမြူရေးခြံသို့ ကွင်းဆင်းခြင်းဆောင်ရွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ဖုန်းဆိုးစုအုပ်စု၊ ရဲတမံရွာ ထိပ်တွင် ဧက(၃)ဧက ခန့်ရှိသော နေရာ၌ တိုးမြင့်နို့စားနွားမွေးမြူရေးခြံသို့ (၂၅.၄.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန ကြို့ပင်ကောက်မြို့နယ်တာဝန်ခံနှင့် တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးတို့သည် နွားမွေးမြူထားသော အခြေအနေ အား သိရှိနိုင်ရန် သွားရောက်ခဲ့ပါသည်။

         "တိုးမြှင့်” နို့စားနွားမွေးမြူခြင်းလုပ်ငန်းအား ပိုင်ရှင် ဦးမျိုးမျိုး သည် နိုင်ငံစီးပွားမြှင့်တင် ရေးရန်ပုံငွေမှ MSMEs လုပ်ငန်းဖြစ်သော နွားမွေးမြူရေး ခြံဆောက်လုပ်ရန်အတွက် နို့နှင့် နို့ထွက် ပစ္စည်း ထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေရန် ချေးငွေရယူဆောင်ရွက်ခဲ့ကာ တစ်နှစ် ပြည့်တော့မည်ဖြစ်ပြီး အဆောက်အဦဆောက်လုပ်ရာတွင်လည်းပြီးစီး၍ နွားကောင်ရေ (၂၀) အား မွေးမြူထားပြီး ဖြစ်ပါသည်။ နွားထီး(၂)ကောင်၊ နွားမ(၁၂) ကောင်၊ နွားအကောင်လေး(၆) ကောင် ရှိပြီး ယခုဆိုလျှင် တစ်နေ့ (နေ့+ည) နွားနို့ ပိဿာ (၅၀) ပိဿာခန့် ရရှိကြောင်း ကိုယ်ပိုင် “တိုးမြင့်” ဒိန်ချဉ် လုပ်ငန်းအတွက် အသုံးပြုလျက်ရှိပါကြောင်း ဆက်လက်၍လည်း နွားကောင်ရေများတိုးချဲ့ မွေးမြူသွားနိုင်ရန် ကြိုးစားလျက်ရှိပါကြောင်းကို တာဝန်ရှိသူမှ ပြောကြားခဲ့ကာ လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)