အုတ်ဖိုမြို့နယ်၌ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် (၂၆.၄.၂၀၂၄) ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ ပါသည်။

       တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီ၏ ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဥက္ကဌ ဒေါက်တာစိုးသက်ဝင်း ဦးဆောင် သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် အုတ်ဖိုမြို့နယ်ရှိ ဆေးဝါး အရောင်းဆိုင်များသို့ ကွင်းဆင်းကာ တရားမဝင်သော ဆေးဝါးများရောင်းချခြင်း ရှိ / မရှိ ၊ ဆေးဝါးများအား ကောင်းမွန်သော ရောင်းချမှုကျင့်စဉ်(Good  Pharmacy Practice) ဖြင့် ရောင်းချရန်၊ စပ်ဆေးများ ရောင်းချမှု မရှိစေရန်၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်း မပြုကြရန်နှင့် အထက်ပါအကြောင်းအရာများ အား ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဆောင်ရွက်သွားမည့် ပြစ်မှု/ပြစ်ဒါဏ်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)