အုတ်ဖို၌ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူးဦးသန်းစိုးသည် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ (၂၆.၄.၂၀၂၄)ရက်နေ့ အုတ်ဖိုမြို့နယ် တာဝန်ခံရုံးတွင် အုတ်ဖိုမြို့နယ်ဆီ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အုတ်ဖိုမြို့နယ်၏ စားသုံးဆီရရှိမှုနှင့် ဆီခွဲဝေရောင်းချမှု အခြေအနေများ၊ လုပ်ငန်းသုံးဆီလျှောက်ထားမှု၊ ရောင်းချမှု အခြေအနေများကို တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ စားသုံးသူများ နစ်နာမှုမရှိစေရန်အတွက် စားသုံးဆီဈေးနှုန်းအား သတ်မှတ်ထားသော ခွင့်ပြုနှုန်းထားဖြင့်သာ ရောင်းချကြရန်၊ အလေးချိန်  မှန်ကန်စွာ ရောင်းချပေးရန်၊ ဆီရောနှောရောင်းချမှုများ မပြုလုပ်ကြရန် မှာကြားခဲ့ပြီး မြို့နယ်အတွင်း စားအုန်းဆီကားများရောက်ရှိ / ဖြန့်ဖြူးနေမှုနှင့် ဆိုင်များတွင် သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ / မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)