မင်းလှမြို့နယ် စပါး/ဆန် ဈေးကွက်အခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စပါးဈေးမှာ ၂၀၂၄ခုနှစ် မတ်လ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခစပါး၊ (၄၆) ပေါင်တင်း (၁၀၀) လျှင် (၁၈၄၀၀၀၀)ကျပ် ရှိခဲ့ရာမှ သင်္ကြန်ပြီးကာလ နောက်ပိုင်းတွင် (၄၆) ပေါင် တင်း(၁၀၀) လျှင်(၁၉၇၈၀၀၀)ကျပ် ရှိခဲ့၍(၁၃၈၀၀၀) ထိမြင့်တက်လာခဲ့ကြောင်း၊ မိုးစပါးများလည်းကုန်နေပြီဖြစ်၍ အရောင်းအဝယ် အေးနေကြောင်း စပါးကုန်သည် တစ်ဦးထံမှ သိရှိရပါသည်။

           ဆန်ဈေးကွက်အနေဖြင့်မတ်လနောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခဆန် (၁) အိတ်လျှင်(၈၅၀၀၀)ကျပ်ရှိခဲ့ရာမှ သင်္ကြန်ပြီးကာလနောက်ပိုင်းဆန်(၁)အိတ်လျှင် (၈၂၀၀၀)ကျပ် ဖြင့် (၃၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။ မင်းလှမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်ခြား ဆန်ကား(၃)စီးမှ (၄)စီးထိတင်ပို့လျက်ရှိပြီး မင်းလှမြို့နယ်မှ ပြည်မြို့ သို့ တစ်ရက်ခြား ဆန်ကား(၃)စီးခန့် တင်ပို့နေကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

သာယာဝတီခရိုင်