ဘီးလင်းမြို့နယ်ဒေသထွက် ဖရဲသီးဈေးကွက်ဒေသအတွင်း အရောင်းသွက်နေ

Powered by Drupal

            မွန်ပြည်နယ်၊  ဘီးလင်းမြို့၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမဘေးရှိ ရောင်းချနေ သော ဘီးလင်းမြို့နယ်၊ ‌ကျောက်ရေတွင်းကျေးရွာတွင် နေထိုင်သူ ဦးဆန်နီ၏ ဖရဲသီးအရောင်း ဆိုင်အား ဖရဲသီးစိုက်ပျိုးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းလေ့လာခဲ့ရာတွင် ဆိုင်ရှင်၏ ပြောကြားချက်အရ ဖရဲသီးအား ကိုယ်တိုင်စိုက်ပျိုး၍ ရောင်းချခြင်းဖြစ်ကြောင်း ဖရဲစိုက်ခင်း တစ်ဧကလျှင် ဖရဲစေ့ထုတ်(၃)ထုတ်ခန့် စိုက်ပျိုး၍ အစေ့တစ်ထုတ်လျှင် (၄၈၀) စေ့ပါပြီး (၈၅)% နှုန်းအပင်ပေါက်ကြောင်း (၁) ပင်လျှင် အသီး (၁)လုံး/(၂)လုံး သီးကြောင်းနှင့် တစ်ဧကစိုက်ပျိုး ကုန်ကျစရိတ် လုပ်အားခ/သွင်းအားစု စရိတ် (၂၅)သိန်း/(၃၀)သိန်း ခန့်ကုန်ကျ၍ ထွက်ရှိသော ဖရဲသီးအား ဒေသတွင်းတွင်ရောင်းချပြီး တစ်လုံးဈေး (၂၀၀၀ ကျပ်) ပျမ်းမျှအားဖြင့် ရရှိကာ ယခင်စိုက်ပျိုးရာသီနှစ်များထက် ကုန်ကျစရိတ်မြှင့်တက်လာ၍  အမြတ်ရရှိမှု နည်းသောလည်း ဒေသတွင်းစားသုံးသူများ၊ အဝေးပြေးလမ်းမှ ခရီးသွားပြည်သူများ ဝယ်ယူမှုများသဖြင့် အလေအလွင့်မရှိဘဲ တွက်ချေကိုက်နေကြောင်း သိရသည်။ အဓိကအားဖြင့် အရောင်းသွက်သော ဒု-ကျည်သီးကိုသာ အများဆုံးစိုက်ပျိုးကြောင်း ရာသီဥတုအပူချိန်မြှင့်တက်လာမှုကြောင့် ရာသီစာဖြစ်သော ဖရဲသီးရောင်းအားမှာ ပိုကောင်းလာကြောင်း သတင်းရရှိပါသည်။

ဇင်ဖြူဝင်း(ဘီးလင်း)